The Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် မြန်မာနိုင်ငံ၏ နို့စားနွားမွေးမြူရေးလုပ်ငန်းအား အကျိုးအမြတ်ဖြစ်ထွန်း၍ ပြိုင်ဆိုင်မှုအားကောင်းပြီး တောင်သူများအတွက် အဆင့်အတန်းမြင့်သော အသက်မွေးဝမ်းကြောင်းနှင့် စားသုံးသူများအတွက် စိတ်ချယုံကြည်ရသော စားသောက်ကုန်များ ထုတ်လုပ်ပေးနိုင်သော လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လာနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ဤ စီမံကိန်းကို နယူးဇီလန် ကူညီထောက်ပံ့ရေး အစီအစဉ်မှ ထောက်ပံ့ပေးလျက်ရှိပြီး မြန်မာနိုင်ငံတော် အစိုးရ၏ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် အတူ လက်တွဲ အကောင်အထည် ဖော်လျက်ရှိသည်။
MDEP ၏ ဖေ့စ်ဘွတ် စာမျက်နှာကို ကြည့်ရှုရန် နှိပ်ပါ
စီမံကိန်းနှင့်တွဲဖက်ပါဝင်လုပ်ကိုင်နေသော တောင်သူများ၏ ကိုယ်တွေ့အချက်အလက် မျှဝေခြင်း
ကျွန်ုပ်တို့နှင့်အတူ ပါဝင်လုပ်ကိုင်နေသော တောင်သူများ၏ အတွေ့အကြုံများ၊ ခြံတွင် သေးငယ်သောအပြောင်းအလဲများကအစ မိသားစုများ၏ စီးပွားရေးနှင့် ရပ်ရွာ တိုးတက်ရေးပေါ်တွင် မည်သို့ အရေးပါ သက်ရောက်နေသည်ကို လေ့လာကြည့်ပါ။